Monday, June 4, 2007

ပန်းကလေးများပွင့်တော့မည်

ဇွန်လ ၁ရက်နေ့ ကစပြီး ကျောင်းဖွင့်တာနဲ့ စာသင်ဆောင်အသစ်လေးမှာ အလယ်တန်းကျောင်းသားတွေအတွက် စာသင်ခန်း တစ်ခန်း ကို ကျောင်းသား ၃၀ခန့် သင်ကြားစေပြီး ဒီနှစ်မှာ ၈တန်းထိလက်ခံပြီး ကျောင်းအပ်လက်ခံထားတာ မိဘမဲ့ ကလေး ကျောင်းအိပ်ကျောင်းစား ၁၇၄ဦးနဲ့ အပြင်အနီးတ၀ိုက်က လာတက်တာ ၁၁ဦး စုစုပေါင်း ၁၈၅ဦးရှိပါတယ်။
ဤကလေးများကို ၁၀တန်းအောင်သည်အထိ ကျောင်းထားပေးရန်နှင့် အဆင့် မီသော ကလေးများကို ဘွဲ့ ရသည်အထိ ပညာသင်ကြားနိုင်စေရန်၊ ကလေးများ များပြားလာသည်နှင့် အမျှ ကျောင်းသားအိပ်ဆောင်၊ စာသင်ဆောင်နှင့် သင်ကြားမှု အထောက်အကူပစ္စည်းများ ပြည့် စုံစွာဖြည့် ဆည်းပေးနိုင်ရန် သဒ္ဒါကြည်လင် ပါရမီရှင် အလှူရှင်များထံမှ အလှူငွေများလိုအပ်လျှက်ရှိပါသေးသည်။